အာဏာသိမ်း စစ်ကောင်စီလိုက်နာဖို့ဆိုပြီး ကုလကချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ တစ်နှစ်ပြည့် တော့မှာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်ခဲ့သလို ဒီအချိန်ထိလည်း လိုက်နာတာမရှိသေးပါဘူး။
မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်မှာ ကုလလုံခြုံရေး ကောင်စီက ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ထားခဲ့တာဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလလုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးနဲ့ပတ် သက်လို့ ကုလလုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်လည်းဖြစ်ခဲ့ပါတယ်။