သြဂုတ် ၄ ရက် ။ ။ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၃ ရက်အထိ ပြည်သူ့လွှတ်တော် ၄၅၈ ဦး၊ အမျိုးသားလွှတ်တော် ၂၂၈ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၈၄၉ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားလူမျိုးလွှတ်တော် ၅၁ ဦး စုစုပေါင်း ၁၅၈၆ ဦး ရှိပြီဖြစ်ပြီး နိုင်ငံရေးပါတီ ၄၆ ပါတီနှင့် တစ်သီးပုဂ္ဂလ ၅၆ ဦးတို့ ဖြစ်သည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။