နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ အသိ အမှတ်မပြု တဲ့ အပြင် ဆန့်ကျင်ရပ်တည်သွားမယ်လို့ NLD ပါတီ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ကြေညာလိုက်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ မနေ့က ၃၅ နှစ် ပြည့်မြောက်ခဲ့တာပါ။
ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမ ဝိုင်းတော်သား မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
တည်းဖြတ်= မောင်ခက်နွေ