Miss Myanmar International 2015 ပြိုင်ပွဲဝင်ဆန်ကာတင်အလှမယ်များ မကွေးမြို့ရှိ ရေဘေးသင့် ပြည်သူများထံ သွားရောက်မည်

Miss Myanmar International 2015 ပြိုင်ပွဲဝင်ဆန်ကာတင်အလှမယ်များ မကွေးမြို့ရှိ ရေဘေးသင့် ပြည်သူများထံ သွားရောက်မည်
Miss Miss Myanmar International 2015 ပြိုင်ပွဲ၏ ဆန်ကာတင် အလှမယ်များ။ ဓါတ်ပုံ - ပန်းမြတ်ဇော်

Miss Myanmar International 2015 ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် အယောက် ၂၀သည် Miss Myanmar International ပြိုင်ပွဲ ဖြစ်မြောက်ရေး အဖွဲ့နှင့်အတူ သြဂုတ်လတွင် မကွေးမြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက် လှူဒါန်းကြမည် ဖြစ်သည်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်(Myanmar Tourism Federation) မှ ကြီးမှူး ကျင်းပသည့် Miss Miss Myanmar International 2015 ပြိုင်ပွဲ၏ ဆန်ကာတင် အလှမယ် အယောက် ၂၀ အား စာနယ်ဇင်းများ နှင့် မိတ်ဆက်ပွဲကို သြဂုတ် ၁ရက် နေ့လည် ၂နာရီတွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပ ပြု လုပ် ခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့သည်။ Miss Myanmar International ပြိုင်ပွဲ ဖြစ်မြောက်ရေး အဖွဲ့မှ ဒေါ်တင်မာမြင့် က "ကလေးတွေ ကိုယ်တိုင် ကပဲ စုစည်းပြီး လူအားကော ငွေအားကော ရေဘေး အတက် ကူညီ ဆောင်ရွက် ကြမှာပါ။ အန်တီတို့ကနေ ခရီးကို စီစဉ် ပေးတာပါ။ သူတို့ကလည်း ဒါလေးကို လုပ်ချင်တယ်လို့ ပြောလာ တဲ့ အတွက် မကွေးတိုင်းကို သွားလှူဖို့ စီစဉ် ဖြစ်တာပါ" ဟု မဇ္ဈိမကို ပြောသည်။ Miss Myanmar International 2015 ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် အယောက် ၂၀သည် ် သြဂုတ် ၁၄ရက် တွင် မကွေးမြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက် လှူဒါန်းမည် ဖြစ်ပြီး မကွေးမှ တဆင့် ပုဂံသို့ သွားရောက်မည် ဖြစ်ကာ ပုဂံတွင် Plastic Campaign ၌ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်၍ နေပြည်တော်သို့လည်း သွားရောက်မည် ဖြစ်သည်။ Miss Myanmar International 2015 အဖြစ် ရွေးချယ်ခြင်း ခံရသူသည် သရဖူ နှင့် ငွေကျပ် သိန်း ၁၀၀ ရရှိ မည် ဖြစ်ပြီး 1st runner up ၊ 2nd runner up အဖြစ် ရွေးချယ် ခံရသူများကိုလည်း သက်ဆိုင်သည့် ဆုကြေးငွေများ ပေးအပ် သွားမည် ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဆန်ကာတင် အလှမယ် အယောက် ၂၀က ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ထိုပြိုင်ပွဲတွင် ဆန်ကာတင် အလှမယ် အယောက် ၂၀ မှ ညနေခင်း ဝတ်စုံ ၊ Traditional Dress တို့ဖြင့် ပြိုင်ပွဲ ဝင်ကြမည် ဖြစ်ပြီး ယခင်နှစ်က ဆု ရရှိ ထားသည့် အလှမယ်များမှလည်း ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင် ကြမည် ဖြစ်သည်။ Miss Myanmar International 2015 ရရှိသူသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ၅၅ကြိမ်မြောက် Miss International 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly