ဇူလိုင် ၃၁ ရက်။ ။ ကရင်ပြည်နယ် မဲထော်သလေးကျေးရွာဘက်မှ မြဝတီမြို့ဘက်သို့ မောင်းဘာသည့် ဟွန်ဒါဖစ်ကားတစ်စီးကို ရှာဖွေရာမှ စိတ်ကြွဆေးပြား ၇၇၅ ပြားကို ဇူလိုင် ၂၉ ရက်က သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။
စောကော်ဂေ ဆိုသူမောင်းနှင်လာပြီး ထိုင်းနိုင်ငံသူ မစ်လန့် လိုက်ပါလာသည့် ယင်းကားအား မြဝတီမြို့၊ ရပ်ကွက် ၃၊ မီးလောင်ချောင်းဂိတ်တွင် မြဝတီမူးယစ်တပ်ဖွဲ့စု ၃၂ က ရှာဖွေသိမ်းဆည်းခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားကြောင်း သိရသည်။
source - MNA