ပြီးခဲ့တဲ့ ကာ/လုံမှာ ရွေးကောက်ပွဲအကြောင်း စကားပလ္လင်ခံထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာနေပြည် တော်အစည်းအဝေးတွေမှာလည်း ထပ်ခါထပ်ခါပြောနေတာတွေ့ရပါတယ်။
ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စကားလုံးတွေကို နိုင်ငံတကာအကြိုက်ရွေးပြောနေတာသက်သက်တော့ ဟုတ်မယ်မထင်ပါဘူး။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မဟုတ်တောင်တည်ငြိမ်မှုမရှိသေးတဲ့ဒေသတွေကိုချန်လှပ်ပြီး ကျင်းပလို့ရတဲ့အကြောင်းထည့် ပြောသွားခဲ့တာကြည့်ရင်ရွေးကောက်ပွဲကို သူ့ရဲ့နောက်ဆုံးပြေးလမ်းအဖြစ်ရွေးချယ်ထားပုံရပါတယ်။