အင်နာတာနက်ကို ကျယ်ပြန့်စွာ အသုံးပြုလာတာနဲ့အမျှ သတင်းတု၊ သတင်းမှားတွေလည်း အလွယ်တကူပျံ့နှံ့လာပါတယ်။ ဒီလိုပျံ့နှံ့လာတဲ့ သတင်းတုသတင်းမှားတွေကို ခွဲခြားစိစစ်နိုင်ဖို့ မီဒီယာနဲ့သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိခြင်း (Information and media literacy) ဆိုင်ရာ အချက် အလက်တွေကို ဒီဗီဒီယိုလေးကတဆင့် ပြောပြပေးချင်ပါတယ်။