ဇူလိုင် ၂၉ ရက် ။ ။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် တံတားအစင်းရေ ၂၁စင်း ကျိုးသွားသည်ဟု နေပြည်တော်တွင်ပြုလုပ်သည့် ဇူလိုင် ၂၉ မနက် သတင်းစာရှင်းလင်းပွဲ ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ကျိုးသွားသည့် တံတား၂၁ စင်းအနက် ၁၇ စင်းမှာ ပြန်လည်ပြုပြင်ပြီးဖြစ်ကာ ၄ စင်းမှာမူ ပြုပြင်ဆဲဖြစ်သည်ဟု ဆိုသည်။