စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံ ၃,ဝဝဝ ကျော် ဘေးလွတ်ရာပြေးနေရပြီး သူတို့အတွက် အကူ အညီလိုအပ်နေတယ်လို့ ကူညီပေးသူတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဆိပ်ခွန်နယ်မြေ ရဲစခန်းမှာ တပ်စွဲခဲ့တာပါ။ အဲဒီစခန်းမှာတပ်စွဲပြီး ဇူလိုင် ၂၉ ရက်နေ့ကတည်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ရမ်းသန် ပစ်ခတ်ခဲ့တာပါ။
ဆိပ်ခွန်နယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်နေမှုကြောင့် ဆိပ်ခွန်၊ ဘိုတည်းကုန်း၊ ကျောက်မြင့်၊ ဒင်တဲ၊ ချီပါ စတဲ့ကျေးရွာခြောက်ထက်မနည်းက စစ်ဘေးရှောင် ထောင်နဲ့ချီ ပြေးနေရတာပါ။ ရက်ရှည်လာရင် စာဝတ်နေရေးကူညီဖို့အတွက် အခက်အခဲရှိလာနိုင်တယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima