ဦးခင်အောင်မြင့် ပျော်ဘွယ်၊ ရမည်းသင်း ကိုယ်စားပြု ယှဉ်ပြိုင်မည်

ဦးခင်အောင်မြင့် ပျော်ဘွယ်၊ ရမည်းသင်း ကိုယ်စားပြု ယှဉ်ပြိုင်မည်

နေပြည်တော် (မဇ္ဈိမ) ။ ။  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် မန္တလေးတိုင်း ပျော်ဘွယ် နှင့် ရမည်းသင်း မြို့နယ်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

"၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာလည်း ကျွန်တော်ဟာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) ဖြစ်တဲ့ ပျော်ဘွယ်မြို့နယ်နဲ့ ရမည်းသင်း မြို့နယ်တို့ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။"ဟု ဦးခင်အောင်မြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly