စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာများစုပေါင်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန့် ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ၊ “တော်လှန်ပန်းတွေလွင့်ပျံ အမျိုးသမီး ထုအားမာန်” ၊ “ပုခက်လွှဲသောလက်များက ကမ္ဘာကိုကိုင်လှုပ်နိုင်ရမည်” စသည့် စာတန်းများကိုင်ဆောင် ကာ ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ဒေသတွင်း နယ်မြေမငြိမ်သက်မှုများကြားမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့် ကျင်ရေး ရက်ပေါင်း ၈၂၀ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်သည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ