အိုင်အက်စ်အား ချေမှုန်းရေးတွင် အီရန်နှင့် လက်တွဲပါဝင် သွားလိုကြောင်း ရုရှပြော

အိုင်အက်စ်အား ချေမှုန်းရေးတွင် အီရန်နှင့် လက်တွဲပါဝင် သွားလိုကြောင်း ရုရှပြော

အရှေ့အလယ်ပိုင်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆင်နွှဲနေသည့် အိုင်အက်စ်အဖွဲ့ကို ချေမှုန်းရာတွင် အီရန်နှင့်အတူ ပူးပေါင်းပါဝင်ဆန္ဒရှိကြောင်း ရုရှနိုင်ငံက ထုတ်ဖော်ပြောသည်။

”ကျွန်တော်တို့အနေနဲ့ အီရန်နဲ့အတူ အရှေ့အလယ်ပိုင်းက အကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ခိုက်သွားနိုင်ပါတယ်။”ဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန စိန်ခေါ်မှုသစ်များနှင့် ခြိမ်းခြောက်မှုများပြဿနာဆိုင်ရာဌာန ဥက္ကဌဖြစ်သူ ရိုဂါချက်ဗ်က ပြောသည်။

”အိုင်အက်စ်လို နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းကို အီရန်နဲ့ လက်တွဲပြီး ဖြေရှင်းသွားနိုင်မှာဖြစ်တယ်”ဟု ၎င်းကပြောခဲ့သည်။

အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် စီးနင်းသိမ်းပိုက်မှုများ ပြုလုပ်လျက်ရှိသည်။

အဖွဲ့၏ အင်အားကိုလည်း အီဂျစ်နှင့် လစ်ဗျားကဲ့သို့ အာဖရိနိုင်ငံများသို့လည်း ခြေဆန့် ဖြန့်ကြက်လျက်ရှိနေသည်။

ယင်းအဖွဲ့၏ ခြိမ်းခြောက်မှုများက အနောက်နိုင်ငံများအတွက်လည်း ရတက်မအေးစရာဖြစ်နေသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly