စစ်ကိုင်းတိုင်း၊ကန့်ဘလူမြိုနယ်နဲ့ ကျွန်းလှမြို့နယ်တွေက ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရချိန်မှာ အဆိပ်ပြင်းတဲ့မြွေတွေ အကိုက်ခံရပြီး သေဆုံးသူတွေ ရှိနေပါတယ်။
ကန့်ဘလူခရိုင်၊ ကိုးထောင်ဘို့၊ ချပ်သင်းတိုက်နယ် တစ်ဝိုက်က ကျေးရွာတွေဟာ စစ်ကောင်စီတပ်စခန်းနဲ့ နီးကပ်နေတာကြောင့် တောတောင်တွေထဲမှာ အမြဲ စစ်ဘေးတိမ်းရှောင်နေရတာပါ။
ကန့်ဘလူခရိုင်ထဲက စစ်ဘေးရှောင်တွေဟာ မိုးထဲရေထဲ စစ်ဘေးရှောင်နေရပြီး မိုးကာ အခင်းမလုံလောက်တာ စားနပ်ရိက္ခာမလုံလောက်တာနဲ့ ကျန်းမာရေးပြဿနာတွေအပြင် မြွေကိုက်ခံရတဲ့ ဒုက္ခနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN