ပီအက်စ်ဗီနည်းပြ ဗန် နစ္စတယ်ရိုင်းဟာ "ကလပ်အတွင်း ပံ့ပိုးမှု" အားနည်းခြင်းကြောင့် ရာသီနောက်ဆုံးပွဲမတိုင်ခင် ထွက်ခွာသွားပြီဖြစ်ကြောင်း ကလပ်အသင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗန် နစ္စတယ်ရိုင်းဟာ ၂၀၂၂ မတ်လမှာ နည်းပြတာဝန်ယူပြီးနောက် ဒတ်ချ်ဖလားနဲ့ ဒတ်ချ်စူပါဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပီအက်စ်ဗီအသင်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို တနင်္ဂနွေနေ့မှာ စီစဉ်ထားခဲ့ပေမယ့်လည်း အသက် (၄၆) နှစ်အရွယ် နည်းပြဟာ နောက်ဆက်တွဲအနေနဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ဇယားဒုတိယနေရာက ကလပ်အသင်းက သူတို့ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို "ဝမ်းနည်းမိခဲ့"ကြောင်း ပြောပါတယ်။
ပီအက်စ်ဗီဟာ ထိပ်ဆုံးက ဖီယင်နုအသင်းရဲ့နောက် ၁၀ မှတ်အကွာနဲ့ တတိယနေရာက အေဂျက်ထက် သုံးမှတ်အသာမှာ ရှိနေပါတယ်။
ကလပ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်မှာ နေရာရရှိဖို့ သီတင်းပတ်ကုန်မှာ AZ Alkmaar ကို ရှုံးနိမ့်မှုကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။
"ဗန် နစ္စတယ်ရိုင်းက အသင်းအတွင်း ပံ့ပိုးကူညီမှုမရှိတာကြောင့် စာချုပ်ဖျက်သမ်းပြီး နုတ်ထွက်တော့မယ်လို့ ပထမအသင်းကြီးရဲ့ ကစားသမားတွေနဲ့ နည်းပြဝန်ထမ်းတွေကို ပြောဆိုခဲ့ပါတယ်"လို့ ကလပ်အသင်းက ပြောပါတယ်။
"ပီအက်စ်ဗီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းနည်းရပြီး Johan Cruijff Shield နဲ့ ဒတ်ချ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ပြီး ရာသီကို ဒုတိယနေရာနဲ့ ပြီးဆုံးဖို့ မျှော်လင့်နေပါတယ်။"
လက်ထောက်နည်းပြ ဖရက်ဒ် ရာတန်က ယာယီတာဝန်ယူမှာဖြစ်ပါတယ်။