Honda ဟာ Aston Martin အဖွဲ့အတွက် အင်ဂျင်ပါတနာအဖြစ် ၂၀၂၆ မှာ ဖော်မြူလာဝမ်းပြိုင်ကားလောကကို တရားဝင် ပြန်လာမှာဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ ၂၀၂၁ နှစ်ကုန်မှာ F1 မှ တရားဝင်နှုတ်ထွက်ခဲ့ပေမယ့်လည်း သူ့ရဲ့အင်ဂျင်တွေကို Red Bull အဖွဲ့နှစ်ဖွဲ့က ဆက်လက်အသုံးပြုနေပြီး ၂၀၂၃ ကစလို့ ဒီအင်ဂျင်တွေကို Hondas လို့ ထပ်ပြီးခေါ်ဆိုမှာဖြစ်ပါတယ်။
၂၀၃၀ မှာ F1 ရဲ့ carbon-neutrality (ကာဗွန်ထုတ်လုပ်ခြင်း ကင်းမဲ့)လို အစီအမံတွေ ကြိုးပမ်းမှုက တရားဝင်ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်နောက်ကွယ်မှ "အဓိကကျတဲ့အချက်"ဖြစ်တယ်လို့ Honda က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
၂၀၂၆ အတွက် စည်းမျဉ်းအသစ်တွေဟာ F1 အင်ဂျင်တွေရဲ့ လျှပ်စစ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။
ဒီအားကစားရဲ့ နိုင်ငံတကာအဖွဲ့ချုပ် FIA ဟာ တစ်ချိန်တည်းမှာ အပြည့်အဝ ရေရှည်တည်တံ့တဲ့ ဓာတုလောင်စာတွေကို အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။
Honda Racing Corporation ဥက္ကဌ Koji Watanabe က " ၂၀၃၀ မှာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြစ်မြောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ FIA ဟာ ၂၀၂၆ ရာသီကစပြီး ၁၀၀ ရာခိုင်နှုန်း carbon-neutral (ကာဗွန်ထုတ်လုပ်ခြင်း ကင်းမဲ့) လောင်စာဆီ အသုံးပြုခွင့်ကို ပြဌာန်းမှာဖြစ်ပြီး လျှပ်စစ်စွမ်းအင် ဖြန့်ကျက်မှုမှာ လက်ရှိ စည်းမျဉ်းများထက် သုံးဆ သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။
"ဒီကြီးမားတဲ့ လျှပ်စစ်ပါဝါတိုးမြှင့်မှုနဲ့အတူ F1 မှာ အနိုင်ရရှိဖို့ သော့ချက်ဟာ ကျစ်လစ်တဲ့၊ ပေါ့ပါးပြီး ပါဝါမြင့်မားတဲ့ မော်တော်ဖြစ်ပါတယ်။ အဲဒါကတော့ အထွတ်ပါဝါမြင့်မားတဲ့အပြင် စွမ်းအင်စီမံခန့်ခွဲမှုနည်းပညာကိုပါ လျင်မြန်စွာ ကိုင်တွယ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် ဘက်ထရီပါရှိမှာဖြစ်ပါတယ်။
“ဒီစိန်ခေါ်မှုအသစ်ကနေ ရရှိလာတဲ့ ဒီအသိပညာဟာ အနာဂတ်မှာ အမြောက်အမြားထုတ်လုပ်တဲ့ လျှပ်စစ်ကားတစ်စီးကို ဖွံ့ဖြိုးတိုးတက်ရေးမှာ တိုက်ရိုက်အသုံးချနိုင်တဲ့ အလားအလာရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
Ref; BBC