စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ယနေ့ မေလ ၁၈ရက်တွင်ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်” စာတန်းကို ကိုင်စွဲပြီး ပုသိမ် - မုံရွာလမ်းမပေါ်ရှိ ယမားတံတားပေါ်နှင့် ကျေးလက်ဈေးတစ်ခုတွင် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မတီ၏ ၇၉၂ ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည် ။
စာတည်း။ ။အောင်ကျော်ဖြိုး