ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စုလူဦးရေစာရင်းတွေကို ၂၀၂၃ခုနှစ် မတ်လ ကုန်အထိ စိစစ်မှုတွေ ပြုလုပ်ထားတယ်လို့ ဧပြီ ၃ရက်၊ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး ကော်မတီအစည်း အဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကပြောခဲ့တယ်လို့ သိရပါတယ်။
အဲဒီစာရင်းတွေထဲကမှ ၂ နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံဖို့ အိမ်ထောင်စု ၂၀၀ ကျော်က လူဦးရေ ၇၀၀ ကိုလျာထားခဲ့သလို၊ ဘင်္ဂလားဒေ့ရှ်ဘက်က ထပ်မံပေးပို့တဲ့ ဆက်စပ် မိသားစုဝင် ၄၀၀ ကျော်ကိုလည်း မတ်လ ၁၅ရက်နေ့ကစတင်ကာတွေ့ဆုံစစ်ဆေးခဲ့ပြီးပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံကို ပြန်တာဟာ ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့်နဲ့ အသက်တွေကို အကြီးအကျယ် အန္တရာယ် ရှိစေတယ်လို့ HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။