လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်ပြီး မလုပ်နိုင်အောင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း တရားမဝင်တင်ပို့တာ၊ ရောင်းချတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်ဖို့လည်း ပါရှိပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် မီချဲလ်တေလာ (Michèle Taylor) က " ကုလအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို လက်နက်ပစ္စည်းတွေ မရောင်းဖို့တောင်းဆိုပါတယ်။
ဒီမှာ ရှင်းရှင်းပြောပါရစေ။ မြန်မာစစ်တပ်ဟာ အဲဒီလို ဝယ်လို့ရတဲ့ လက်နက်တွေနဲ့ မြန်မာပြည်သူလူထုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်"
"မြန်မာပြည်သူလူထုက တစိုက်မတ်မတ်တောင်းဆိုနေသလို နိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူတုံ့ပြန်မှုတွေ လုပ်ဖို့လိုပါတယ်။
ဘာတွေ လုပ်ရမလဲဆိုရင် မြန်မာစစ်တပ်လက်ထဲ လက်နက်တွေမရောက်အောင် လက်နက်ရောင်းချနေတာတွေ ပိတ်ဆို့ဖို့လိုပါတယ်။
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။