စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး ၇၅၆ ရက်မြောက်အဖြစ် ဧပြီလ ၄ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတန်းကိုကိုင်စွဲပြီး တောင်ယာလုပ်ငန်းခွင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြကြောင်းနှင့် အဆိုပါသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)