သူငယ်ချင်း၊ ဆွေမျိုး၊ အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတာကို သင် မြင်တွေ့ကြားလိုက်ရတဲ့အခါ သူတို့ဘက်က ရပ်တည်ပေးပါ။
လူတိုင်းက ချစ်ခင်ရင်းနှီးရသူတွေအတွက် အပြောင်းအလဲတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်ခံရတဲ့အကြောင်းကို ပြောပြတယ်ဆိုတာ အကြမ်းဖက်မှုသံသရာကနေ ရုန်းထွက်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။
အဲဒီအကြောင်းတွေကို ထုတ်ဖော်ပြောပြနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းတစ်ခုဖန်တီးပေးပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ကျူးလွန်ခံရသူမှာ ဘယ်တော့မှ အပြစ်မရှိပါဘူး။
ကမ္ဘာပေါ်က လူသားတိုင်း အကြမ်းဖက်ခံရခြင်းက ကင်းဝေးတဲ့ ဘဝကို ထူထောင်ပိုင်ခွင့်ရှိပါတယ်။
အားလုံးဘေးကင်းစေဖို့ လက်တွဲလုပ်ဆောင်ကြပါစို့....။