ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့တွင် Zomi Federal Union (ZFU) သပိတ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လှုပ်ရှားမှုကို တီးတိန်မြို့ပေါ် နေရာအချို့တွင် ယမန်နေ့ မတ်လ ၃၀ရက်က ပြလုပ်ခဲ့ခြင်းဟုသိရသည်။
Zomi Federal Union နှင့် PDF Zoland တည်ထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် တီးတိန်မြို့၊ ကမ်းဟောက်လမ်းမပေါ်တွင် “ စစ်အာဏာရှင်အလိုမရှိ” စာတန်းများကိုင်ဆောင်ကာ ချီတက်သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။
စာတည်း - မောင်ကြီး
#Zomi Federal Union (ZFU)