ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်း အချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်ဟုသိရသည်။
"ဖက်ဆစ်ရွေးကောက်ပွဲလက်ခံသူ ပြည်သူ့ရန်သူ "စာသားပါ ဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကောင်မတီ အဖွဲ့ဝင်အချို့မှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ ၌ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲဲ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။
ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၃၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။