ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ - ကျင်ဒွေးလမ်းကို လုံခြုံရေးအခြေ အနေအရ ယာယီပိတ်ကြောင်း ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က မတ်လ ၂၆ရက် ယနေ့တွင် ထုတ်ပြန်သည်။
ရင်းကဲ - ကျင်ဒွေးလမ်းကို မတ်လ ၂၇ရက်နေ့မှ စ၍ မတ်လ ၃၀ရက်နေ့အထိ ယာယီပိတ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
“လုံခြုံရေးအခြေအနေအရပါ ၊ အသေးစိတ်အခြေအနေတွေကိုတော့ ပြောပြလို့မရပါဘူး” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမသို့ ပြောသည်။
၎င်းလမ်းပိုင်းကို ပိတ်ထားသည့်ကာလအတွင်း မည်သူတဦးတယောက်မျှ သွားလာခြင်းမပြုရန်နှင့် အရေးပေါ်သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာသို့ ခွင့်ပြု ချက်ယူရယူပြီးမှသာ သွားလာကြရန် ) CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကန်ပက်လက်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများမဖြစ်သော်လည်း မတ်လ ၁၁ရက်နေ့က ကျင်ဒွေးမြို့ပေါ်တွင် အထိုင်ချ လှုပ်ရှားနေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို CDF – Kanpetlet တပ်ဖွဲ့မှ နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။
စာတည်း - မောင်ကြီး