တနင်္သာရီတိုင်း ထားဝယ်ခရိုင် အတွင်းရှိ လောင်းလုံးမြို့နယ် ပညစ်ရွာတွင် စစ်ဘေးရှောင် ပြည်သူများကို ထားဝယ်ခရိုင် သပိတ်ကော်မတီက အခြေခံ စားသောက်ကုန်များကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ထားဝယ်ခရိုင် သပိတ်ကော်မတီ အဖွဲ့မှ ကိုမင်းလွင်ဦးက“ကျွန်တော်တို့အဖွဲ့က မီးရှို့ဖျက်ခံရတဲ့ စစ်ရှောင်တွေကို အခြေခံ စားသောက်ကုန်နဲ့ ငွေကျပ် ၁၀ သိန်းတို့ကို သွားရောက် ကူညီပေးခဲ့တယ်”ဟု ပြောသည်။
ယခုလ မတ်လ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်၍ ရွာသားများအား ဖမ်းဆီးသတ်ဖြတ်မှုများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ ၁,၅၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အထက်ပါ လူမှုကူညီရေး ဆပ်ကော်မတီ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့ထံမှ သိရ သည်။
စာတည်း- သန့်ဇော်(သန်လျင်)