မြန်မာတစ်နိုင်ငံလုံးအနက် ရခိုင်ပြည်နယ်တွင် ယောင်္ကျားသေဆုံးမှုကြောင့် မုဆိုးမဖြစ်ခဲ့ရသည့် အမျိုးသမီးဦးရေ အများဆုံးဖြစ် သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
နေပြည်တော်ရှိ Hotel Royal ACEတွင် ဇူလိုင် ၁၁ကပြုလုပ်သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဝန်ကြီး ဦးခင်ရီက ပြောဆို ခဲ့ခြင်းဖြစ်သည်။
၂၀၁၅ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်မှာ `ထိခိုက်လွယ်သူ၊ ဖေးမကူ၊ အရေးပေါ်ဟူက စောင့်ရှောက်ကြ´ ဟူ၍ ဖြစ်သည်။