စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားတဲ့ မြိတ်ခရိုင်ထဲက ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဓာတ်ဆီ တစ်ဘူးထက်ပိုပြီး မဝယ်ယူဖို့ သတိပေးပြီး၊ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရပ်သားတွေကို စက်သုံးလောင်စာဆီ လိုသလောက် ဝယ်ယူလို့ မရအောင် ပုလောမြို့ အဝင်/ထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ တားဆီး စစ်ဆေးမှုတွေ ရှိနေပါတယ်၊ ဒါကြောင့် ဝယ်ယူဖို့ ခက်ခဲရာကနေ စျေးခုန်တက်လာတာလို့ ကဒဲရွာခံ တစ်ဦးက မဇ္ဈိမကို အခုလို ပြောပါတယ်။
သတင်း-ကိုရွှေမြိတ်
တင်ဆက်/တည်းဖြတ်- ကိုရွှေမြိတ်