ကဘူးလ်၊ ဇူလိုင် ၈ ။ ။ အာဖဂန်လုံခြံရေးတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ရှင်းလင်းသုတ်သင်မှု စစ်ဆင်ရေးများတွင် တာလီဘန်စစ်သွေးကြွ ၇၀ကျော်ကို သတ်ဖြတ်နိုင်ခဲ့ွှပြီး အခြားစစ်သွေးကြွ နှစ်ဒါဇင်ကျော်ကို ဒဏ်ရာရစေခဲ့ သည်။
ဘာဒက်ခ်ရှန်၊ ဒေကွန်တီ၊ ဟယ်လ်မန်၊ ကာပီဆာ၊ ကန်ဒါဟာ၊ ကူနာ၊ ကွန်ဒတ်ဇ်၊ လက်ဂ်မန်၊ မိုင်ဒန်ဝါဒတ်၊ နင်မ်ရပ်ဇ်၊ ပက်က်ရှား၊ တက်က်ဟာ၊ အူရပ်ဇ်ဂန်နှင့် ဇာဘူလ်ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများစွာတွင် စစ်သွေးကြွ ၇၅ ဦးသေဆုံးခဲ့ပြီး ၃၁ ဦးဒဏ်ရာရခဲ့သည်ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
ထိုးစစ်များအတွင်း စစ်သွေးကြွ ကိုးဦးကိုလည်း ဖမ်းဆီးမိခဲ့ကြောင်းနှင့် စစ်ဆင်ရေးများအတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ ဝင်ခြောက်ဦးလည်း အသက်ဆုံးရှုံးခဲ့သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ အာဖဂန်စစ်သားများသည် အပေါ့စားနှင့် အလေးစားလက်နက်များကို သိမ်းယူနိုင်ခဲ့ပြီး အိုင်အီးဒီလက်နက်များကိုလည်း ဖြုတ်သိမ်းနိုင်ခဲ့သည်။
ဝါရှင်တန်က ခေါ်ဆိုသည့် အကြမ်းဖက်မှုအပေါ် ဆင်နွှဲသည့်စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် ၂၀၀၁ခုနှစ်က အမေရိကန်နှင့် မဟာမိတ်များဝင်ရောက်ပြီးနောက် နှစ်များစွာကြာသည်အထိ အာဖဂန်သည် လုံခြုံရေးစိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာ ၃၁က အမေရိကန်ဦးဆောင်သော စစ်ဆင်ရေးများ အဆုံးသတ်ခဲ့သော်လည်း အာဖဂန်တွင် နိုင်ငံခြားသား တပ်ဖွဲ့ဝင် ၁၃,၅၀၀ရှိနေသေးပြီး အများစုသည် အမေရိကန်မှ ဖြစ်သည်။