လိဒ်ယူနိုက်တက်အသင်းဟာ ဝက်ဖို့ဒ်နည်းပြဟောင်း ဂျာဗီ ဂရေစီယာကို ဂျက်ဆီမာ့ခ်ျရဲ့ နည်းပြနေရာ အစားထိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
မာ့ခ်ျဟာ ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း လိဒ်ဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကြိုးပမ်းမှုမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းကိုတော့ အသက် ၂၁ နှစ်အောက် နည်းပြ မိုက်ကယ်စကူဘာလာက ယာယီတာဝန်ယူခဲ့တာပါ။
အသက် ၅၂ နှစ်အရွယ် စပိန်သား ဂရေစီယာဟာ ၂၀၁၉ မှာ အက်ဖ်အေဖလားဖိုင်နယ်သို့ ဝက်ဖို့ဒ်ကို ပို့ဆောင်ခဲ့ပြီး ဗလင်စီယာနဲ့ ကာတာကလပ် အယ်လ်ဆက်ဒ်တို့ကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
လိဒ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၉ မှာ ရှိပြီး အောက်ဆုံးက ဆောက်သမ်တန်ကို လာမယ့်စနေနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
ဂရေစီယာဟာ ရာသီအစမှာ ဆိုးရွားခဲ့ပြီးနောက် ၂၀၁၉ စက်တင်ဘာလမှာ ဝက်ဖို့ဒ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
သူဟာ ၂၀၁၈ ဇန်နဝါရီလမှာ ဝက်ဖို့ဒ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရတာဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ နဲ့ ၃၅ နှစ်တာကာလအတွင်း အက်ဖ်အေဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်စေခဲ့ပါတယ်။
သူဟာ ပရီးမီးယားလိဂ်မှာ မန်နေဂျာအဖြစ် သူ့ရဲ့ ၅၆ ပွဲမှာ ၁၈ ပွဲအနိုင်ရခဲ့ပြီး တစ်ပွဲလျှင် ပျမ်းမျှ ၁.၁၈ မှတ်ရရှိခဲ့ပါတယ်။
လိဒ်ဟာ ဒီရာသီ လိဂ်ပွဲ လေးပွဲသာ အနိုင်ရထားပြီး သူတို့ရဲ့ နောက်ဆုံးနိုင်ပွဲဟာ နိုဝင်ဘာ ၅ ရက်က ဘုန်းမောက်နဲ့ ပွဲဖြစ်ပါတယ်။
စနေနေ့က သူတို့ဟာ ရုန်းကန်နေရတဲ့ အဲဗာတန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့ပါဘူး။
Ref; BBC