ပီအက်စ်ဂျီဟာ အင်္ဂါနေ့က သူတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ကွာတားဖိုင်နယ်ကို တက်နိုင်မယ်လို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ ကိုင်လီယန် အမ်ဘာပေက ပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပွဲချိန် ၅၇ မိနစ်မှာ လူစားထိုးဝင်ခဲ့ပြီး သူဝင်ရောက်လာချိန်မှာ ပွဲချိန်အတွင်း ရလဒ်ကို ပြောင်းလဲစေနိုင်မယ့် သွင်းဂိုး နှစ်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။
“ကျနော်တို့ဟာ ပွဲရဲ့ နောက်ဆုံးအပိုင်းကို သတိထားရမယ်။ ကျတို့က အရှုံးနဲ့ နောကက ရှိနေပေမယ့် သူတို့ကို ဒုက္ခပေးနိုင်တယ်ဆိုတာ ကျနော် မြင်တွေ့ရမှာပါ။ ကျနော်တို့ရဲ့ ကစားသမားအားလုံး ကျန်းမာကြံ့ခိုင်ပြီး အနိုင်ရဖို့နဲ့ နောက်တဆင့်တက်ဖို့ လိုအပ်ပါတယ်”လို့ နှစ်ပတ်ကြာ ဒဏ်ရာကနေ အနားယူပြီးနောက် ပြန်လာခဲ့တဲ့ အမ်ဘာပေက ပြောပါတယ်။
အမ်ဘာပေရဲ့ ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်လာတာဟာ မတ်လ ၈ ရက် Allianz Arena မှာ ဒုတိယအကျော့ကစားဖို့မတိုင်ခင် ပီအစ်ဂျီရဲ့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်ပါတယ်။
“ကျနော် မကစားသင့်ခဲ့ပေမယ့် ကျနော့်ရဲ့ အသင်းဖော်တွေကို ကူညီပေးပြီး ခွန်အားတချို့ ယူဆောင်လာခဲ့ချင်လို့ပါ။ အားလုံးကြိုးစားခဲ့ကြတယ်။ ဒီနေ့တော့ ကျနော် ဒီထက် မလုပ်နိုင်ခဲ့ဘူး”လို့ သူက ပြောပါတယ်။
ပီအက်စ်ဂျီဟာ အင်အားအပြည့်ရှိရင် သူတို့ဟာ မြူးနစ်မှာ အပြောင်းအလဲတွေ လုပ်နိုင်တယ်လို့ အမ်ဘာပေက ယုံကြည်နေတာပါ။
“ကျနော်တို့ ကစားသမားတွေအားလုံး ကျန်းမာဖို့၊ လူတိုင်း ကောင်းကောင်း စားဖို့၊ ကောင်းကောင်းအိပ်ဖို့ အဲဒါက အရေးကြီးပါတယ်”လို့ သူက ပြောပါတယ်။
"ကျနော်တို့အားလုံး အတူတူရှိနေရင် တိုက်စစ်မှာ ဘောလုံးကစားဖို့ ရှေ့တက်ပြီး ကစားနိုင်တယ်၊ အဲဒါက သူတို့ သက်တောင့်သက်သာ မဖြစ်စေဘူးဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့တယ်။"
Ref; Reuters