ဇန်နဝါရီလ ၂၂ ရက်
ရန်ကုန်တိုင်း၊ သင်္ဃကျွန်းမြို့နယ်၊ သုဝဏ္ဏမိုးလုံလေလုံအားကစားပြိုင်ပွဲရုံ(၁)တွင် ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းကကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီခေါင်းဆောင်နှင့်ဇနီး တက် ရောက်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါပွဲသည် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် တရုတ်နှစ်သစ်ကူးပွဲတော်ကိုတွဲ၍ ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားကို တရုတ်နိုင်ငံသံအမတ်မစ္စတာချန်းဟိုင်လည်းတက်ရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက်အရေးကြီးအိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းနိုင်သည့် မိတ်ဖက်နိုင်ငံဖြစ်သည်ဟု မိန့်ခွန်းတွင် ဆိုသည်။
ပုံမှန်အားဖြင့် ရန်ကုန်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို လသာမြို့နယ်တရုတ်တန်းတွင်သာ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် တရုတ်တန်းပတ်ဝန်းကျင်တလျှောက် အနည်းငယ် သာစည်ကားပြီး ဘုံကျောင်းများတွင် လာရောက်ဝတ်ပြုဆုတောင်းသူတချို့သာ ရှိသည်။
ယခင် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရုတ်နှစ်သစ်ကူး ပွဲတော် အခမ်းအနားကို တရုတ်တန်း၌စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် တရုတ်နှစ်ကူးပွဲအခမ်းအနားကို တရုတ်လူမျိုးအများစုနေထိုင်သည့်နေရာများ၊ စည်ကားရာနေရာများ၊ တရုတ်လူမျိုးများနှင့်သက်ဆိုင်ရာနေရာများတွင် မကျင်းပဘဲ မိုးလုံလေလုံအားကစားရုံတွင် အားကစား ပြိုင်ပွဲလုပ်ကာ ကျင်းပခြင်းဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ