စိုက်ပျိုးရေးနည်းပညာ၊ အရည်အသွေးကောင်းသည့် မျိုးစေ့များထုတ်လုပ်နိုင်ရေးနှင့် အဓိကစက်ကိရိယာများ စသည့်အရေးကြီးသည့် ကဏ္ဍများတွင် ကိုယ်ထူကိုယ်ထထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်သည်။
တရုတ်မျိုးစေ့လုပ်ငန်းသည် စားနပ်ရိက္ခာကွင်းဆက်တွင် ချိတ်ဆက်မှုအားနည်းပြီး လုပ်ငန်းလည်ပတ်မှု ကောင်း မွန်စေရန် သိပ္ပံနှင့် နည်းပညာကို ပိုမိုအသုံးပြုရန်လိုအပ်ကြောင်း ဗဟိုခေါင်းဆောင်များက ၂၀၂၀ပြည့်နှစ်က ပြောကြားထားသည်။
“ကမ္ဘာ့စိုက်ပျိုးရေးသိပ္ပံနဲ့ နည်းပညာရဲ့ ထိပ်တန်းနိုင်ငံတွေကို စောင့်ကြည့်ရပါမယ်” ဟု ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၃ရက်နှင့် ၂၄ရက်တွင် ကျင်းပသည့် ဗဟိုကျေးလက်လုပ်ငန်းဆွေးနွေးပွဲတွင် ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ပိုမိုထိရောက်သော ဆန်းသစ်တီထွင်မှုဖြင့် တရုတ်သိပ္ပံနှင့် နည်းပညာကို အစွမ်းကုန်မြှင့်တင်ရန်နှင့် စီးပွားဖြစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် သုတေသနအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း ကဲ့သို့သော ပြဿနာများကို တီထွင်ဆန်းသစ်မှုရှိရှိ ဖြေရှင်းရန် သမ္မတရှီက စိုက်ပျိုးရေးကဏ္ဍအတွက် တွန်းခဲ့သည်။
စိုက်ပျိုးရေးအခြေခံသုတေသနအတွက် တရုတ်အစိုးရက ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားသော် လည်း ဈေးကွက်သို့ ဆန်းသစ်သောဖြေရှင်းနည်းများယူဆောင်လာစေရန် ရေရှည်သုတေသနနှင့် ဖွံ့ဖြိုးတိုး တက်ရေး အတွက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ အနည်းငယ်သာရှိသည်။