ဒီဇင်ဘာလ ၃၀ ရက်
ဖားကန့်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့သည်။
ယနေ့(ဒီဇင်ဘာလ ၃၀ရက်) ၂နာရီ ၂၀မိနစ်တွင် ဖားကန့်မြို့ မှော်ပုံ ကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။
" လေးချက်ပစ်တာ။ လူနေအိမ်ပေါ်နဲ့ ဘုရားကျောင်းပေါ်ကျတယ်။ တိုက်ပွဲမဖြစ်ဘဲ ပစ်တာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မှော်ပုံကျေးရွာ ကက်သလစ်ဘုရားကျောင်းမှ အသက် ၅၂နှစ်အရွယ် ဦးကွန်ဂျာနော် သေဆုံးသွားပြီး ၊အသက် ၅နှစ်နှင့် ၁၃နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ကျောင်းဆရာမသုံးဦးနှင့် အရပ်သားအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။
မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဟုဆိုသည်။