အပြန်အလှန်ဆက်စပ်နေသည့်ကိုဗစ်ကူးစက်မှုနှင့်စီးပွားရေးအကျပ်အတည်းတရုတ်အစိုးရက ရင်ဆိုင်နေရပြီး တစ်ခုကိုကိုင်တွယ်ဖြေရှင်းရန်ကြိုးစားပါကတခြားတစ်ခုကအခြေအနေပိုဆိုးလာသည်။
စီးပွားရေးလုပ်ငန်းများနှင့်စက်မှုလုပ်ငန်းများအရှုံးပေါ်ပိတ်ပစ်နေရချိန်တွင်ကိုဗစ်ရောဂါကူးစက်မှုအသစ်များလျင် မြန်စွာမြင့်တက်လာနေသည်။
လာမည့်ရက်များအတွင်းတရုတ်တွင်ကိုဗစ်ကြောင့်သေဆုံးသူတစ်သန်းကျော်ရှိလာမည်ဟုခန့်မှန်းထားသည်။
စီးပွားရေးအပေါ်အနုတ်သဘောဆောင်သည့်သက်ရောက်မှုများကြောင့်တရုတ်အစိုးရကပိတ်ပင်ကန့်သတ်မှုများကိုချမှတ်ရန်အခက်ကြုံနေသည်။
တရုတ်စီးပွားရေးသည်၂၀၂၂ခုနှစ်တွင်၂ဒသမ၈မှ၃ဒသမ၂ရာခိုင်နှုန်းအထိကျဆင်းသွားနိုင်ကြောင်းလေ့လာသူများကခန့်မှန်းထားပြီးယင်းသည်နှစ်ပေါင်း၅၀အတွင်းအနိမ့်ဆုံးဖြစ်သည်။
တရုတ်အစိုးရကမကြာသေးမီရက်သတ္တပတ်များအတွင်းကိုဗစ်ကြောင့်သေဆုံးမှုများကိုပထမဆုံးအကြိမ်တရားဝင်အသိအမှတ်ပြုခဲ့သည်။ယင်းကြောင့်ကိုဗစ်ကူးစက်မှုကြောင့်တရုတ်တွင်သေဆုံးသူဦးရေများပြားနေသည်ဟူသောသတင်းများကပိုမိုခိုင်မာလာခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီးအရေးပေါ်နှင့်မီးသဂြိုလ်စက်များအလုပ်များနေသည်။ အလောင်းများကိုမီးသဂြိုလ်ရန် ၃ ရက်စောင့်ဆိုင်းရသည်။
ယင်းကတရုတ်၏ဆိုးရွားသည့်အခြေအနေများကိုအရိပ်အမြွက်ဖော်ပြနေသည်။ကျန်းမာရေးဆိုင်ရာနှင့်အကဲဖြတ်မှုဌာန (IHME) ကလူဦးရေ၏ ၃ ပုံ ၁ ပုံသည် ်ဧပြီလ၁ရက်မတိုင်မီတွင်ကိုဗစ်ကူးစက်ခံရပါက၂၀၂၃ခုနှစ်တွင်သေဆုံးသူတစ်သန်းကျော်ရှိမည်ဟုခန့်မှန်းထားသည်။