ဒီဇင်ဘာလ ၂၅ ရက်
တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ အော်ကြီးကျေးရွာအုပ်စု အတွင်းမှ ကျေးရွာအချို့တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က တောဆင်ရိုင်း အကောင် ၂၀ ဝန်းကျင် ဝင်ရောက် လာမှုကြောင့် နေအိမ် တဲ ၁၀ လုံးခန့်နှင့် စိုက်ခင်းအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။
အဆိုပါတောဆင်ရိုင်းအုပ် ဝင်ရောက်ဖျက်ဆီးမှုကြောင့် စိုက်ပျိုထားသော သီးနှံစိုက်ခင်းအများစု ပျက်စီးခဲ့ သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဘုတ်ပြင်းမြို့နယ်မှ ဒေသခံတစ်ဦးက“တောဆင်ရိုင်းတွေက အုပ်စုလိုက်ဝင်လာတာပါ။ လူတွေတော့ ထိခိုက်မှုမရှိပါဘူး။ တဲတွေနဲ့ စိုက်ခင်းတွေပျက်သွားတယ်”ဟု ပြောသည်။
တောဆင်ရိုင်းအုပ်စုတွင် သားပေါက်များအပါဝင် အကောင်ရေ ၂၀ ကျော် ပါဝင်ကြောင်း သိရသည်။
“စိုက်ခင်းထဲမှာက လူမနေပါဘူး။ ဥယျာဉ်ထဲကိုတော့ ရေလောင်းတဲ့ အချိန်ပဲသွားတာရှိတယ်”ဟု ပြည် ကြီးမဏ္ဍိုင်မြို့နေ ဒေသခံတစ်ဦးကပြောသည်။
ကော့သောင်း-တနင်္သာရီလမ်းပိုင်းတွင် တောဆင်ရိုင်းများ မကြာခဏလမ်းပေါ်ထွက်လေ့ရှိပြီး နေအိမ်များ ကိုဝင်ရောက်ဖျက်ဆီးခြင်းကြောင့် လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တောဆင်ရိုင်းအန္တရာယ်နှင့်ပတ်သက်၍ သတိပေးစာများကို သက်ဆိုင်ရာအဖွဲ့များက ကြေညာထားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ