လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာလွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး(AI)၏ ကနေဒါဌာနခွဲကို တရုတ် အစိုးရက ပံ့ပိုးကူညီနေသည်ဟု ယူဆရသည့် ဆိုက်ဘာတိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်နေကြောင်း ပြောကြား ခဲ့သည်။
ဝက်ဘ်ဆိုက်ကြေညာချက်တွင် အဖွဲ့၏ အိုင်တီ အခြေခံအဆောက်အအုံ၌ သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်က ပထမဆုံးတွေ့ရှိခဲ့သည့် ဒစ်ဂျစ်တယ်လုံခြုံရေး ချိုးဖောက်ဝင်ရောက်မှုကို ပထမဆုံး တွေ့ရှိခဲ့ကြောင်း ကနေဒါနိုင်ငံတကာလွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး(AI) က ပြောကြားခဲ့သည်။
မှုခင်းစုံစမ်းစစ်ဆေးရေးမှူးများနှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးမှုကို ချက်ချင်း စတင်ခဲ့ ပြီး အဖွဲ့၏ စနစ်များကို ကာကွယ်ရန် လုပ်ဆောင်ခဲ့သည်။
စုံစမ်းစစ်ဆေးမှု၏ ပဏာမ ရလဒ်များအရ ဆိုက်ဘာတိုက်ခိုက်မှုတွင် အဆင့်မြင့်ကိရိယာများနှင့် နည်းပညာများ ကို အသုံးပြုခြိမ်းခြောက်တိုက်ခိုက်ခဲ့ကြောင်း ကနေဒါAIအဖွဲ့ကြီးက ပြောကြားခဲ့သည်။
ပစ်မှတ်ထားသော သတင်းအချက်အလက်များနှင့် စောင့်ကြည့်လေ့လာနေသည့် ကိရိယာများနှင့် လှုပ်ရှားမူ များကို အခြေခံ၍ တရုတ်အစိုးရမှ ကမကထပြုသည့် သို့မဟုတ် တာဝန်ပေးထားသောအဖွဲ့ဖြစ်ကြောင်း နိုင်ငံတ ကာဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Secureworksမှ မှုခင်းကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
“တက်ကြွလှုပ်ရှားသူတွေ၊ ဝန်ထမ်းတွေ၊ အလှူရှင်တွေနဲ့ သက်ဆိုင်သူတွေရဲ့ လုံခြုံရေးနဲ့ လျှို့ဝှက်ရေးက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ဦးစားပေးအဖြစ် ကျန်ရှိနေပါသေးတယ်။”
ဆိုက်ဘာတိုက်ခိုက်မှုသည် ယနေ့ခတ်တွင် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် အရပ်ဘက်လူ့အဖွဲ့ အစည်းများကဲ့သို့ သွားလာရမည့် အန္တရာယ်များ တိုးများလာနေသည့် အခြေအနေနှင့် ပတ်သက်သည်ဟု Nivyabandiက ထည့်သွင်းပြောကြားခဲ့သည်။