အမေရိကန်တရားရုံးချုပ်က နိုင်ငံတွင်း လိင်တူလက်ထပ်ခြင်းကို တရားဝင်အဖြစ် အတည်ပြုဆုံးဖြတ်လိုက်သည်။
ထိုသို့အတည်ပြုပေးလိုက်ခြင်းဖြင့် လိင်တူလက်ထပ်ခွင့်ကို တားမြစ်ထားသည့် ပြည်နယ် ၁၄ ပြည်နယ်တွင်လည်း တားမြစ်ချက်ပျက်ပြယ်သွားမည်ဖြစ်သည်။
ဥပဒေအရဆိုလျှင် တူညီသည့်အခွင့်အရေးရှိကြောင်း၊ ဖွဲ့စည်းပုံအရ အားလုံးတူညီတူမျှပင်ဖြစ်ကြောင်း ပြောဆိုခဲ့ကြကြောင်း တရားသူကြီးချုပ် ကင်နေဒီကရေးသားခဲ့သည်။
ယခုလို စီရင်ဆုံးဖြတ်လိုက်ခြင်းဖြင့် လိင်တူလက်ထပ်ခြင်းနှင့် ပတ်သက်ကာ တရားတဘောင်ဖြစ်ပွားနေမှုများ အဆုံးသတ် သွားစေမည်ဖြစ်သည်။
ဂျော်ဂျီယာ၊ မီချီဂန်၊ အိုဟိုင်းယိုနှင့် တက္ကဆက်ပြည်နယ်များရှိ လိင်တူချစ်သူများက ဇွန် ၂၆ ရက်၌ လက်ထပ်ကြရန် လုပ်ဆောင် လာကြသည်။
သို့သော် မစ္စစ္စပီနှင့် လူစီယားနားပြည်နယ်များက တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းစနစ်များ အပြီးသတ်လုပ်ဆောင်ပြီးချိန်ထိ လိင်တူချစ်သူများအနေဖြင့် စောင့်ကြရန် ပြောကြားသည်။
သမ္မတဘာရက်အိုဘားမားက ယခုစီရင်ဆုံးဖြတ်မှုသည် အမေရိကန်၏ အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ပြောခဲ့သည်။
ယခုတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ရှေးရိုးစွဲခရစ်ယာန်များက ရှုတ်ချပြစ်တင်မှုများလည်းရှိသည်။
Ref: BBC