001 (မဇ္စျိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။
လစ်လပ်သွားသည့် စစ်ကောင်စီခန့် လူ၊ ကယ်၊ ပြန် ဒုဝန်ကြီးနေရာတွင် မည်သူ့အားထပ်မံခန့်အပ်မည်ဆိုသည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်သက်သက်ခိုင်က ဆောင်ရွက်နေခြင်းဖြစ်သည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လနှင့် နိုဝင်ဘာလတုန်းကလည်း ၎င်းတို့ ခန့်အပ်ထားသည့် ဗဟိုဘဏ် ဉက္ကဌ၊ ဒုတိယဉက္ကဌနှင့် ပြည်ထောင်စုဝန်ကြီးအချို့ကို ရာထူးက ဖယ်ရှားခြင်း၊ နေရာအပြောင်းအရွှေ့ပြုလုပ်ခြင်းတို့ဆောင်ရွက်ခဲ့သည်။