လီယွန်နယ်မက်ဆီက ကာတာမှာ လက်ရှိကျင်းပနေတယ့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားရဲ့ နောက်ဆုံးပွဲစဉ် ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၁၈ ရက်နေ့)အပြီးဟာ သူ့နိုင်ငံအတွက် နောက်ဆုံးပွဲဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီဟာ ဂိုးအများဆုံးသွင်းထားပြီး ဂိုးပံ့ပိုးမှုမှာလည်း အဓိကနေရာမှာ ကစားနေသူဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနား နိုင်ပွဲရရှိပြီးနောက် သူ့ရဲ့ အနားယူဖို့ ရည်ရွယ်ချက်ကို အာဂျင်တီးနား မီဒီယာ သတင်းရင်းမြစ် Diario Deportivo Ole ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ ပြင်သစ်အသင်းနဲ့ ကစားမယ့်ပွဲဟာ သူ့ရဲ့နောက်ဆုံးပွဲလို့ ဆိုပါတယ်။
“ကမ္ဘာ့ဖလားဖိုင်နယ်က ကျနော့် နောက်ဆုံးပွဲပါ။ ဒီလို စွမ်းဆောင်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်”လို့ မက်ဆီက အာဂျင်တီးနား မီဒီယာ Diario Deportivo Ole ကို ပြောဆိုခဲ့ပါတယ်။