ရီးယဲလ်မက်ဒရစ်အသင်းဟာ ပါလ်မီရက်စ်မှ ဘရာဇီးလ်ဆယ်ကျော်သက်ကစားသမား အန်ဒရစ်ကို ခေါ်ယူလိုက်ပါတယ်။
ဘရာဇီးလ်ရဲ့ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အစွမ်းအစထဲမှ တစ်ဦးအဖြစ်လို့ သတ်မှတ်ခံရဆတဲ့ အသက် ၁၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၄၊ ဇူလိုင်လမှာ ဥရောပနဲ့ စပိန်ချန်ပီယံအသင်းကို ရောက်ရှိလာမှာဖြစ်ပါတယ်။
ဒါဟာ ဖီဖာရဲ့ စည်းမျဉ်းအရ အသက် ၁၈ နှစ်အောက် ကစားသမားတွေကို ပြည်ပကို ပြောင်းရွှေ့ခွင့် ပိတ်ပင်ထားတာကြောင့် ဖြစ်ပါတယ်။
ပါလ်မီရက်စ်နဲ့ ရီးယဲလ်မက်ဒရစ်တို့က စာချုပ်သက်တမ်းကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် အန်ဒရစ်ဟာ လာမယ့်အပတ်မှာ စပိန်က သူ့အသင်းသစ်ရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။
အန်ဒရစ်ဟာ ပါလ်မီရက်စ်အသင်းသမိုင်းမှာ အသက်အငယ်ဆုံး ကစားသမားနဲ့ ဂိုးသွင်းသူဖြစ်ပါတယ်။
ဘရာဇီး ယူ-၁၇ လက်ရွေးစင်ကစားသမားဟာ ဒီနှစ်ရာသီမှာ ဘရာဇီးလ်စီးရီးအေ ၇ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။
ReF; BBC