ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့အနီးရှိ ဓာတ်ငွေ့စက်ရုံတစ်ရုံကို တိုက်ခိုက်ကာ ပိုင်ရှင်သူဌေးအား ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့်ကား သမားအား အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့နှင့် ချိတ်ဆက်မှု ရှိသူဖြစ်မဖြစ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြော သည်။
အသက် ၃၅ နှစ်ရှိ ယာဆင်ဆာလီ သည် ၎င်း၏ကားကို ပေါက်ပွဲစေတတ်သည့် ဓာတ်ငွေ့ရည်များသိုလှောင်ထားရာသို့ မောင်း သွင်းဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ယင်းနေရာတွင်ပင် လက်ရဖမ်းဆီးနိုင်ခဲ့သည်။
ယာဆင်သည် ယင်းစက်ရုံတွင်ပင် အလုပ်လုပ်ကိုင်တစ်ဦးဖြစ်သည်။ ၎င်း၏ သူဌေးဖြစ်သူ စက်ရုံပိုင်ရှင်မှာ ခေါင်းဖြတ်သတ်ခံရပြီး အာရပ်စာတမ်းများပါသည့် အိတ်တစ်အိတ်အတွင်း သူဌေး၏ ခေါင်းပြတ်ကို ထည့်ထားသည်ကို တွေ့ရှိခဲ့သည်။
ယခုတိုက်ခိုက်မှုကြောင့် ပြင်သစ်နိုင်ငံအတွက် အစွန်းရောက်တိုက်ခိုက်မှု သတိပေးချက်များမြင့်တက်သွားစေခဲ့သည်။
ယာဆင်အား ပြင်သစ်အစွန်းရောက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က တာဝန်ယူစစ်ဆေးနေခြင်းဖြစ်သည်။
Ref: BBC