နိုဝင်ဘာလ ၂၂ ရက်
ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံတွင် တော်လှန်ရေးရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်ကို တ်ိုက်ခိုက်ရန် ပြင်ဆင်နေချိန် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာများဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
အလုံမြို့နယ်၊ သခင်မြပန်းခြံရှိ အများသုံးသန့်စင်ခန်းအတွင်း ပြီးခဲ့သည့် န်ိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ မဟာမိတ်အဖွဲ့ပါ။ အဲ့နေ့က အဲ့နားတစ်ဝိုက်မှာ ပစ်မှတ်ရှိပါတယ်။ ပစ်မှတ်ကို ဖောက်ခွဲတိုက်ခ်ိုက်ဖို့အတွက် ပစ္စည်းကို အိမ်သာထဲဝင်ဆင်ရင်း မတော်တဆ ဖြစ်သွားရတာပါ” ဟု မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ခံက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်ကို ဖောက်ခွဲတိုက်ခ်ိုက်ရန် ပြင်ဆင်နေသည့်အချိန် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်၏ လက်ထိပ်များ ပြတ်တောက်သွားခဲ့ကာ မျက်နှာတွင်လည်း ထိခ်ိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ရဲဘော်က လက်ထိပ်လေးတွေ ပြတ်သွားတယ်။ မျက်နှာကိုလည်း ထိသွားတယ်။ သူ့ကိုဖမ်းဆီးပြီး ဆေးရုံပို့တယ်လို့တော့ သိရပါတယ်။ အခုလတ်တလောတော့ ဘယ်မှာ ဖမ်းဆီးစစ်ဆေးနေလဲ မသိရသေးပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာကာ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာတစ်ဝိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် ရှင်းလင်းဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက နည်းလမ်းအမျိုးမျိုးဖြင့် ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့သော တိုက်ခိုက်မှုများတွင် တော်လှန်ရေးရဲဘော်များက ငွေကြေးအပါအဝင် အမျိုးမျိုးသော အခက်အခဲများကြောင့် လက်လုပ်ပစ္စည်းများ အသုံးပြုနေရပြီး မတော်တဆ ပေါက်ကွဲမှုများအတွင်း ကျဆုံးမှုနှင့် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။
“ပြည်သူတွေက ပေါက်သံကြားရင် ဟာ ပေါက်ပြီ ဆိုပြီး ဖြစ်ပေမယ့် အဲ့ဒီ ပေါက်သံတွေရဲ့ နောက်မှာ ပေးဆပ်မှုတွေ များစွာနဲ့ပါ။ ရန်ကုန် လူထုအနေနဲ့ UG တွေကို တတ်န်ိုင်တဲ့ဘက်ကနေ ဝန်းရံပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု မြို့ပြမြေအောက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြည်သူများကို မေတ္တာရပ်ခံထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)