(မွမ်ဘိုင်း)။ ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အတွင်း အဆိပ်ဖြစ်အရက်များ သောက်မိကာ လူပေါင်း ၁၀၀ ကျော်ထက်မနည်း
သေဆုံးမှုတွင် ယင်းအရက်များကို ဖြန့်ဖြူးရောင်းချခဲ့သူအား ဒေလီရဲများက ဖမ်းဆီးလိုက်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ၎င်းက အနီးရှိ ဂူဂျာရတ်ပြည်နယ်မှ အရက်များကို ဝယ်ယူပြီး မွမ်းဘိုင်းမြို့တွင် တစ်ဆင့်ပြန်လည်
မှောင်ခိုရောင်းချခြင်းဖြစ်ကြောင်း ရဲက ပြောသည်။
ဝယ်ယူခဲ့သည့် အရက်များကို မွမ်ဘိုင်းမြို့ရှိ အရက်ပုန်းဆိုင်များသို့ တရားမဝင် ရောင်းချနေခြင်း ဖြစ်သည်။
ထိုသို့ အဆိပ်သင့်အရက်များ သောက်မိရာမှ လူသေဆုံးမှုများသည် အပေါစားချက်အရက်များ သောက်တတ်ကြသည့် အိန္ဒိယနိုင်ငံတွင်း အဖြစ်များနေသည်။
ယခုနောက်ဆုံးဖြစ်ပွားသည့် အဆိပ်သင့်အရက် သောက်ရာမှ သေဆုံးသူဦးရေမှာ ၁၀၂ ဦးအထိ ရှိသွားပြီဖြစ်ပြီး လူ ၄၀ မှာလည်း ဆေးရုံတွင် ကုသမှုခံနေရဆဲ ဖြစ်သည်။
ယင်းဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူ အမျိုးသမီး နှစ်ဦးအပါအဝင် လူခုနစ်ဦးကို ဖမ်းဆီးထားပြီးလည်း ဖြစ်သည်။
အရက်ဖြန့်ဖြူးရောင်းချခဲ့သူ မိုဟာမက်လာတီခန်းက ယင်းအရက်များကိုသောက်၍ လူများသေဆုံးသည်ကို တွေ့ပြီးနောက် ထွက်ပြေးကာ ဒေလီရှိ မိတ်ဆွေဖြစ်သူအိမ်တွင် ပုန်းနေရာမှ ရဲက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
REF : BBC