နိုဝင်ဘာလ ၁၃ ရက်
လှိုင်မြို့နယ် ဘူတာရုံလမ်းတွင် ပြင်းထန်စွာပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားနေသည်ဟု ဒေသခံများအပြောအရသိရသည်။
ဗဟိုလမ်းဘက် မီးရထားသံလမ်းအနားရှိ စစ်ကားတွင်ပေါက်ကွဲမှုက " အိမ်ခေါင်မိုးတွေတောင် တုန်သွားတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဗဟိုလမ်းကိုပိတ်ထားသည်။