ဗင်နီဇွဲလား၊ ဇွန် ၂၂ ။ ။ ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့အတူ နာမည်ကြီးလာသူတွေက တောင်အမေရိကနိုင်ငံတွေက ရုပ်သံအစီအစဉ်ကြေညာကြတဲ့ မမတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီမမ တွေထဲကမှ ပိုပြီး တမူထူးခြားသူတွေကတော့ ဗင်နီဇွဲလား ရုပ်သံအစီအစဉ်ကြေညာသူတွေ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအသင်းက ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ပွဲကို ရုပ်သံသတင်းကြေညာရတဲ့ ယူဗီပယ်လာရက်စ်ဟာ သူမရဲ့ သဘာဝအလှတရားကို ဖော်ပြခဲ့သလို အခုလည်း ဗင်နီဇွဲလားရုပ်သံအစီအစဉ်ကြေညာသူတစ်ဦးဟာ သူမရဲ့ ရင်နှစ်မြွှာကို အသုံးပြုပြီး ပွဲကြို ခန့်မှန်းမှုတွေ ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
သူမဟာ ယှဉ်ပြိုင်ကစားကြမယ့် အသင်းနှစ်သင်းရဲ့ အလံတွေကို ရင်နှစ်မြွှာမှာ ကပ်ပြီး လှုပ်ခါတာဖြစ်ပါတယ်။ အရင်ကျသွားတဲ့ အလံက ရှုံးနိမ့်မယ့်အသင်းဖြစ်ပြီး သူမရင်သားပေါ်မှာ ကျန်ရစ်နေတဲ့ အလံကတော့ နိုင်မယ့်အသင်းအဖြစ် ရွေးချယ်တာ ဖြစ်ပါ တယ်။
နမူနာဖော်ပြထားတဲ့ သူမရဲ့ ခန့်မှန်းမှု သုံးပွဲမှာတော့ နှစ်ပွဲက မှန်ကန်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေတုန်းက ခန့်မှန်းခဲ့ကြတဲ့ တိရစ္ဆာန်လေးတွေကို မေ့ပစ်လိုက်လို့ ရပါပြီ။ အထူးသဖြင့် ပထမဆုံးနာမည်ကြီးခဲ့တဲ့ ရေဘဝဲလ်ပေါလ်ကို ဗင်နီဇွဲလားရုပ်သံ အစီအစဉ်ကြေညာတဲ့ မမက နောက်ကောက်ချနိုင်ခဲ့ပြီလို့ ပြောရတော့မှာပါ။
Ref : 101greatgoals