ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျော်စွာမှတ်တိုင်အနီးရှိ ကွမ်းယာဆိုင်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖောက်ခွဲတိုက်ခိုက်ခံရသည့် ကွမ်းယာဆိုင်၏ပိုင်ရှင်လင်မယားနှစ်ဦးအား စစ်ကောင်စီနှင့်ပတ်သက် ဆက် နွယ်ခြင်းမပြုရန် မြို့ပြပြောက်ကျားအဖွဲ့မှ အကြိမ်ကြိမ်သတိပေးတားမြစ်ထားသော်လည်း လိုက်နာမှုမရှိ သဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“မနက်က အဲဒီလင်မယား ဆိုင်ဖွင့်ဖို့လာတာထင်တယ်။ အဲဒီအချိန်မှာ ဆိုင်က ပေါက်ကွဲသွားတာ။ ဆိုင် ထဲမှာရှိနေရင် ကင်ပြီးသားဖြစ်ပြီပေါ့။ အခုကတော့ ဒဏ်ရာတော့ရသွားကြတယ်။ သူ့မိန်းမက ပိုထိပါ တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါဖောက်ခွဲမှုအား လုပ်ဆောင်ခဲ့သည့်အဖွဲ့မှာ " The Salvation Revolters " မြို့ပြပြောက်ကျား အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ကွမ်းယာဆိုင်ပျက်စီးကာ လူထိခိုက်မှုများဖြစ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ