ကွန်ဒါဆန်၊ ဇွန် ၈ ။ ။ မလေးရှားနိုင်ငံ၊ ဆာဘားတွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျောက်ဆုံးနေသူများကို ရှာဖွေမှုမှာ အာဏာ ပိုင်များက ကျေနပ်မှုရှိသည်တိုင် ရှာဖွေမှုကို ဆက်လက်ပြုလုပ်သွားမည်ဟု မလေးရှား ဒု-ဝန်ကြီးချုပ် မူယစ်ဒင် ယာဆင်ကပြော ကြားသည်။
ဇွန် ၇ ရက်က ၆ ဒသမ ၀ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရသော ရာနောမြို့သို့ ရောက်ရှိလာပြီးနောက် ၎င်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာဆင်က ငလျင်ဒဏ်ခံရသူများ၏ မိသားစုအားလုံးကို နှစ်သိမ့်စကားများ ပြောခဲ့သည်။ ထို့အပြင် ငလျင်ကြောင့် သေဆုံး သူများ၏ မိသားစုများကို ရင်းဂစ် ၁၀,၀၀၀ အမေရိကန်ဒေါ်လာ ၂,၆၅၀ ပေးအပ်မည်ဟုလည်း ၎င်းက ကြေညာခဲ့သည်။
ထိခိုက်ဒဏ်ရာရသူများလည်း ရင်းဂစ် ၅,၀၀၀ ရရှိမည်ဖြစ်သည်။ ထို့အပြင် အနာတရရှိခဲ့သူများလည်း ရင်းဂစ် ၁,၀၀၀ ရရှိမည်ဟု သိရသည်။
အနာဂတ်တွင် အလားတူ ဖြစ်ရပ်များ ပေါ်ပေါက်လာပါက စီမံခန့်ခွဲနိုင်စေရန် ဆာဘားတွင် ငလျင်သုတေသန စင်တာတစ်ခု ထူထောင်ရန် အစိုးရက စဉ်းစားမည်ဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးချုပ် က ပြောကြားသည်။
ငလျင်နှင့် ပတ်သက်လျှင် မလေးရှားထက် အတွေ့အကြုံများသော ဂျပန်မှ ကျွမ်းကျင်သူများကို တိုင်ပင်နိုင်သည်ဟုလည်း ၎င်းက ပြောကြားသည်။.
မီဒီယာများနှင့် မပြောဆိုမီ ငလျင်ငယ်များကြောင့် မစ္စတာမူယစ်ဒင် ယာဆင်ကို ၎င်းရှိသည့် အဆောက်အအုံမှ ဘေးလွတ်ရာ သို့ ရွှေ့ပေးခဲ့ရသည်။