စက်တင်ဘာလ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၈၇ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာလ ၁၆ ရက် နေ့တွင်ဆက်လက် ချီတက်ဆန္ဒပြသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် နေရာတွင် ဦးကျော်မိုးထွန်းကို သံတမန်ရာထူး ဆက်လက်ခန့်အပ်ရန် ထောက်ခံကြောင်း "Accept NUG & Our ambassador, Reject ကို "စာတမ်းကို ကို ကိုင်စွဲ၍ ပင်မသပိတ်စစ်ကြောင်းနှင့်အတူကျောင်းသားလူငယ်များက စစ်အာဏာရှင် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။
(ပုံသတင်း)
စာတည်း။ ။မောင်ကောင်း