September 9
မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် ပြည်သူများ လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် 'စစ်ကျွန်မရှိတဲ့ တိုင်းပြည်မှာ စစ်အာဏာရှင် မရှိဘူး' ဆိုသည့် စာတန်းကိုင်ဆောင် လမ်းလျှောက်ချီတက်ခဲ့ကြပြီး၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအမိန့် မှန်သမျှကို ဖီဆန်ကြဖို့ စည်းရုံးခဲ့သည်ဟု သိရသည်။
ယင်း ဆန္ဒပြလှုပ်ရှားမှုတွင် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)၊ အမျိုးသမီး၊ LGBT နှင့် လူငယ်များ ပူးပေါင်းပြီး ပါဝင်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)