ကာတာအခြေစိုက် တယ်လီကွန်းကုမ္ပဏီ အူရီဒူးသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော အူရီဒူးမြန်မာကို စင်္ကာပူ၏ Nine Communications Pte. Ltd ထံ ရောင်းချရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးလိုက်ကြောင်း အဆိုပါ ကာတာကုမ္ပဏီက စက်တင်ဘာ ၈ ရက်တွင် ပြောသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၆၂ သန်းနှင့်အတူ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၇၆ သန်း ရှိသည့် အရောင်းအဝယ်သဘောတူညီချက်သည် မြန်မာ၏ စည်းမျဉ်းထိန်းသိမ်းမှုဆိုင်ရာ အတည်ပြုချက်များ အပါအဝင် အစဉ်အလာ ပိတ်သိမ်းမှု သတ်မှတ်ချက်များကို လိုက်နာခံယူသွားရမည်ဖြစ်သည်။
(ကိုလူအေး ဘာသာပြန်သည်)