ရန်ကုန်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် TNLA နှင့် PDFတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ သည်ဟု သတင်းဓါတ်ပုံများနှင့်တကွ စစ်ကောင်စီဝါဒဖြန့်ဖေ့စ်ဘုတ်အကောင့်များတွင် ဖော်ပြလျက်ရှိ သည်။ ထိုပုံများမှာ ပုံဟောင်းများသာ ဖြစ်သည်။
"ခြင်္သေ့မင်း" အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ စက်တင်ဘာ ၁ ရက်နေ့တွင် "နောင်ချိုဘက်မှာ တပ်မတော် ကပဲ ၁၀၀၀ လောက်ကျသလိုလိုဖွနေလို့ မိမိဘက်မှ ထိခိုက်မှုကိုမရှိတာပါဗျာ TNLA+ပဒက် ပူးပေါင်းအဖွဲ့ ထံမှ အလောင်းအချို့ရနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ"(မူရင်းသတ်ပုံအတိုင်း)ဟု ရေးသားဖော် ပြထားပြီး ဓာတ်ပုံအချို့နှင့်အတူ ဖော်ပြထားသည်။
သတင်းမှားဖြန့်ဝေသည့် လင့်ကိုအောက်တွင်ကြည့်နိုင်သည်။
https://bit.ly/3RjXymv ,
https://bit.ly/3TLCuqt
အဆိုပါသတင်းနှင့်ပတ်သက်၍ မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ပုံအဟောင်း များကို အသုံးပြု၍ဖြန့်ဝေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။
TNLA ယူနီဖောင်းပါပုံအားစစ်ဆေးခဲ့ရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပုံဖြစ်ပြီး သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။
https://bit.ly/3wVpBjW
သိမ်းဆည်းရမိသည့် လက်နက်များ၏ပုံကိုစစ်ဆေးခဲ့ရာတွင် တွစ်တာရှိ "Matt W" အကောင့်မှ RCSS နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖော်ပြထားသည့် ဓာတ်ပုံသာ ဖြစ်သည်။
https://bit.ly/3TJa6W1
ထို့အပြင် နောင်ချို့မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာ မရှိခဲ့ ကြောင်းနှင့် ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာသာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မှ ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
https://bit.ly/3KQMSJN
ခြင်္သေ့မင်းအကောင့်၏ ဖြန့်ဝေမှုအနက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုသာ မှန်ကန်ပြီး ပုံအမှားများဖြင့် အချက်အလက်များ လွဲမှားရေးသားထားသည့် သတင်းတုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
#Misinformation_Buster
#Fake_News
#နောင်ချို
#ပုံဟောင်း